The Art Of Negotiation 2025

ပရိသတ်ကြီးတို မျှော်လင့်စောင့်စားနေခဲ့ကြတဲ့ Lee Je Hoon ရဲ့ ကားသစ်လေးကတော့ ထွက်ရှိလိုလာပါပြီ…

ဒီကားလေးကတော့ Lee Je Hoon , Ahn Hyun Ho နဲ့အတူ ပရိတ်သတ်ကြီးနဲ့ ရင်းနှီးပြီးသား ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့

Kim Dae Mung, Sung Dong II, Jang Hyung Sung တိုအတူတကွ ပါဝင်အားဖြည့်ထားတဲ့ business drama အမျိုးအစားလေးဖြစ်ပါတယ်…

ဇာတ်လမ်းအကျဉ်း
————-

Sanin လုပ်ငန်းစု M&A အဖွဲဟောင်းမှာ အဓိကကျတဲ့ Yun Ju No ကတော့ ထုတ်ဖော်ပြောပြလိုမရတဲ့ အကြောင်းတရားတွေကြောင့်

ဟာဝိုင်အီကို ထွက်လာပြီး တစ်နေ့မှာ ရုတ်တရက်ကြီး အစအနပျောက်သွားပါတော့တယ်…ရာထူးချခံရတယ်ဆိုတဲ့ ကောလာဟလတွေ

ပျံ့နေပေမဲ့လည်း တကယ့် အမှန်တရားကိုတော့ ဘယ်သူမှမသိခဲ့ရပါဘူး…အဲဒီလိုနဲ့ ၃နှစ်အကြာမှာ Sanin လုပ်ငန်းစုက ဝမ် 11 ထရီလီယံ အကြွေးတင်ပြီး

ဒေဝါလီခံလိုက်ရတဲ့အခါမှာ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ Ju No ကို ကိုရီးယားကို ပြန်ခေါ်ခဲ့ပါတယ်…Sanin လုပ်ငန်းစုကို ကယ်တင်ဖိုက

သူ့အတွက် အဓိကမစ်ရှင်တစ်ခုဖြစ်လာပြီးနောက် ကိုယ်စားလှယ် Song Jae Sik ရဲ့ အထောက်အပံ့နဲ့ M&A team အသစ်တစ်ခုကို ဖွဲစည်းပြီး

အန္တရာယ်များတဲ့ အကြီးစားညှိနှိင်းရေး‌လောကထဲကို ဝင်ရောက်ဖိုအတွက် အတော်ဆုံး စေ့စပ်ညှိနှိင်းသူတွေကို စုစည်းလိုက်ပါတော့တယ်…

နောက်ဆုံးအခွင့်အရေးအနေနဲ့ အရဲစွန့်ကြိုးပမ်းပြီး ကုမ္ပဏီကို ပြန်လည်ကယ်တင်သွားနိုင်မလား …”ညှိနှိင်းရေးနတ်ဘုရား” ဆိုတဲ့ ဂုဏ်ပုဒ်ကို

ပြန်လည်ယူဆောင်ပေးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့အပြင် …

ညှိနှိင်းရေးလောကရဲ့ နည်းပရိယာယ်အဖြာဖြာကိုပါ အသေအချာမြင်တွေ့ရမယ့် ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုချင်ပါတယ်…

Trailer

Photos

fullsizephoto1961936
photo_2025-03-09_00-53-30 (4)
largephoto1953882
fullsizephoto1966564
photo_2025-03-09_00-53-30 (2)
photo_2025-03-09_00-53-30 (3)